Saturday, November 26, 2011
ဘယ်ဆီကိုရောက်ရောက်
အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ အခုခေတ်မှာ လူတစ်ယောက် ဘယ်ဆီကိုရောက်ရောက် ရှာဖွေလို့ ရပါတယ်။
သည်ဆိုက်မှာ လူတစ်ယောက်ရဲ့ နာမည်ကိုထည့်ပါ၊ သူ့ ကို လူအားလုံးထဲကနေ ရှာမှာလား၊ ထင်ရှားတဲ့လူတွေ
ထဲက ရှာမှာလား ဆိုတာရွေးပါ။သင်ထည့်တဲ့ နာမည်နဲ့  အနီးစပ်ဆုံး လူပေါင်းများစွာကို ၀က်ဆိုက်က ရှာဖွေပေး
မှာပါ။စာလုံးပေါင်းတင်မက အသံထွက်ဆင်တူတဲ့ လူတွေကိုလည်း ရှာပေးပါတယ်။လူတွေရဲ့ဓါတ်ပုံ၊အလုပ်အ
ကိုင်နဲ့  လိပ်စာပါ တက်နိုင်သမျှ ထည့်ပေးထားပါတယ်။ပျောက်သောသူကို တွေ့ အောင် ရှာပေးမယ့် ဆိုက်ပါ။
လူရှာဖွေဖို့  ၀န်ဆောင်မှုပေးနေတဲ့ ဆိုက်က http://www.yatedo.com
game ရှာဖွေရေး
being ဆိုတဲ့ ရှာဖွေရေး ၀က်ဆိုက်မှာ အွန်လိုင်းဂိမ်း ရှိတယ်။ ဆိုက်မှာ အက်ရှင်၊ပဟေဋ္ဌိ၊ကာစီနို စသဖြင့်
ဂိမ်းအမျိုးအစား (6) မျိုး ရှိတယ်၊ဂိမ်းတွေကို ရီဂျစ်စတာ မလုပ်ဘဲ ကစားနိုင်တယ်၊တကယ်လို့  facebook
account နဲ့ဝင်ရင် ကိုယ်သူငယ်ချင်းတွေရဲ့ ကစားမှတ်တွေကို တွေ့ ရပါတယ်၊သည်ဆိုက်ရဲ့ ထူးခြားချက်
ကတော့ ပေးထားတဲ့ ဂိမ်းတစ်ခု(ဇူးမား)ကို တခြား ဘယ်ဆိုက်တွေမှာ တွေ့ နိုင်မယ်၊ဂိမ်းအောင်ဖို့  ဘာ
တွေလုပ်ရမယ်ဆိုတာ ရှာဖွေပြသထားပါတယ်။ကစားချင်သူတွေက http://www.bing.com  ထဲက
entertainment ကိုရွေး၊အဲ့သည်နောက် game ကိုရွေးပြီး ကစားနိုင်ပါတယ်
Thursday, November 24, 2011
သူတို့ ဒသန
စကားတစ်ခွန်း စာတစ်ကြောင်းကို ပိုလေးနက်သွားစေဖို့  ပညာရှိ အဆိုအမိန့် တွေကို ထည့်သွင်းလေ့ရှိပါ
တယ် ပညာရှိ စကားတွေကို လေ့လာခြင်းဖြင့် သူတို့ ရဲ့  ဘ၀ဒသနတွေကိုလည်း လေ့လာနိုင်ပါတယ် သည်
ဆိုက်မှာ စိတ်ဓါတ်တက်ကြွစေမယ့် အဆိုအမိန့်  အချစ်ရေး ပညာရေး သေခြင်းတရား အဆိုအမိန့် တွေကို
လေ့လာနိုင်ပါတယ် ပညာရှိအဆိုအမိန့် တွေကို စုစည်းပေးထားတဲ့ဆိုက်ကလိပ်စာကတော့
http://www.quotexite.com
facebook အလန်း
facebook သုံးရတာ အသစ်အဆန်းလေး ဖြစ်သွားဖို့  ပရိုဖိုင်ထဲမှာ theme ကလေးတွေ ထည့်သုံးနိုင်ပါ
တယ် လှပတဲ့ theme တွေကို အခမဲ့ ရယူသုံးစွဲနိုင်ပါတယ် သည်ဆိုက်မှာ သဘာဝဓါတ်ပုံ နာမည်ကြီး
တွေရဲ့ပုံ ထူးခြားတဲ့ သဘာဝလွန်ပုံတွေကို အစီအစဉ်တကျ ထည့်သွင်းထားတယ် ကြိုက်တဲ့ theme 
တွေ့ တဲ့အခါ install နှိပ်ပါ သင့် facebook ထဲကို သည် theme ကိုထည့်သွင်းပေးသွားမှာပါ ကိုယ်ဆီမှာ
လှပတဲ့ ဓါတ်ပုံရှိနေရင်လည်း သည်ဆိုက်မှာ theme အဖြစ်ဖန်တီးနိုင်ပါတယ် လိပ်စာကတော့
Tuesday, November 22, 2011
အွန်လိုင်းဗီရို
အမြဲတမ်းသုံးနေတဲ့ ဖိုင်တွေကို အွန်လိုင်းပေါ်တင်ထားတာ တကယ့် အကြံကောင်းပါပဲ၊သိမ်းဆည်းမှုပမာဏ
7 GB အထိ အခမဲ့ ပေးထားတဲ့ဆိုက်တစ်ခုရှိပါတယ်။သည်ဆိုက်မှာ သီချင်း၊ဗီဒီယို၊စာရွက်စာတမ်း မှန်သမျှ
တင်ထားနိုင်ပါတယ်။ဖိုင်တွေကို upload/download လုပ်ရုံတင်မက အွန်လိုင်းမှာပဲ သုံးစွဲလို့ လည်း ရတယ်။
free account နဲ့ဆိုရင် 7GB အထိရပြီး ပိုက်ဆံသွင်းထားရင်တော့ 250 GB အထိ ရနိုင်ပါတယ်။
လိပ်စာကတော့   http://www.mimedia.com
ချစ်သူပျော်ဖို့ 
ချစ်သူမိန်းကလေးရဲ့ အကြိုက်ကို မသိလို့  အဆင်မပြေဖြစ်နေရင် ကူညီမယ့်ဆိုက်ပါ။သည်ဆိုက်မှာ ချစ်သူရဲ့နှစ်
နှစ်ပတ်လည်နေ့ ၊ချစ်သူရဲ့မွေးနေ့ စတဲ့ အရေးကြီးတဲ့ ရက်စွဲတွေထည့်သွင်းပါ၊သင့်အီးမေးလ်ပေးလိုက်ပါ၊အရေး
ကြီးတဲ့ ရက်မရောက်ခင် နှစ်ပတ်အလိုမှာ တစ်ခါ၊သုံးရက်အလိုမှာ တစ်ခါ သင့်အီးမေးလ်ထဲမှာ သတိပေးနိုးဆော်
စာ ရောက်မှာပါ။လက်ဆောင်ပေးဖို့ အိုင်ဒီယာ၊ချစ်သူအသည်းခိုက်စေမဲ့ ပြောနည်းဆိုနည်းတွေကို တစ်ပတ်တစ်
ခါ သင့်အီးမေးလ်ထဲကို ပို့ ပေးလိမ့်မယ်။လိပ်စာကတော့  http://www.makeyourgirlfriendhappy.com