Saturday, November 26, 2011
ဘယ်ဆီကိုရောက်ရောက်
အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ အခုခေတ်မှာ လူတစ်ယောက် ဘယ်ဆီကိုရောက်ရောက် ရှာဖွေလို့ ရပါတယ်။
သည်ဆိုက်မှာ လူတစ်ယောက်ရဲ့ နာမည်ကိုထည့်ပါ၊ သူ့ ကို လူအားလုံးထဲကနေ ရှာမှာလား၊ ထင်ရှားတဲ့လူတွေ
ထဲက ရှာမှာလား ဆိုတာရွေးပါ။သင်ထည့်တဲ့ နာမည်နဲ့  အနီးစပ်ဆုံး လူပေါင်းများစွာကို ၀က်ဆိုက်က ရှာဖွေပေး
မှာပါ။စာလုံးပေါင်းတင်မက အသံထွက်ဆင်တူတဲ့ လူတွေကိုလည်း ရှာပေးပါတယ်။လူတွေရဲ့ဓါတ်ပုံ၊အလုပ်အ
ကိုင်နဲ့  လိပ်စာပါ တက်နိုင်သမျှ ထည့်ပေးထားပါတယ်။ပျောက်သောသူကို တွေ့ အောင် ရှာပေးမယ့် ဆိုက်ပါ။
လူရှာဖွေဖို့  ၀န်ဆောင်မှုပေးနေတဲ့ ဆိုက်က http://www.yatedo.com
game ရှာဖွေရေး
being ဆိုတဲ့ ရှာဖွေရေး ၀က်ဆိုက်မှာ အွန်လိုင်းဂိမ်း ရှိတယ်။ ဆိုက်မှာ အက်ရှင်၊ပဟေဋ္ဌိ၊ကာစီနို စသဖြင့်
ဂိမ်းအမျိုးအစား (6) မျိုး ရှိတယ်၊ဂိမ်းတွေကို ရီဂျစ်စတာ မလုပ်ဘဲ ကစားနိုင်တယ်၊တကယ်လို့  facebook
account နဲ့ဝင်ရင် ကိုယ်သူငယ်ချင်းတွေရဲ့ ကစားမှတ်တွေကို တွေ့ ရပါတယ်၊သည်ဆိုက်ရဲ့ ထူးခြားချက်
ကတော့ ပေးထားတဲ့ ဂိမ်းတစ်ခု(ဇူးမား)ကို တခြား ဘယ်ဆိုက်တွေမှာ တွေ့ နိုင်မယ်၊ဂိမ်းအောင်ဖို့  ဘာ
တွေလုပ်ရမယ်ဆိုတာ ရှာဖွေပြသထားပါတယ်။ကစားချင်သူတွေက http://www.bing.com  ထဲက
entertainment ကိုရွေး၊အဲ့သည်နောက် game ကိုရွေးပြီး ကစားနိုင်ပါတယ်
Thursday, November 24, 2011
သူတို့ ဒသန
စကားတစ်ခွန်း စာတစ်ကြောင်းကို ပိုလေးနက်သွားစေဖို့  ပညာရှိ အဆိုအမိန့် တွေကို ထည့်သွင်းလေ့ရှိပါ
တယ် ပညာရှိ စကားတွေကို လေ့လာခြင်းဖြင့် သူတို့ ရဲ့  ဘ၀ဒသနတွေကိုလည်း လေ့လာနိုင်ပါတယ် သည်
ဆိုက်မှာ စိတ်ဓါတ်တက်ကြွစေမယ့် အဆိုအမိန့်  အချစ်ရေး ပညာရေး သေခြင်းတရား အဆိုအမိန့် တွေကို
လေ့လာနိုင်ပါတယ် ပညာရှိအဆိုအမိန့် တွေကို စုစည်းပေးထားတဲ့ဆိုက်ကလိပ်စာကတော့
http://www.quotexite.com
facebook အလန်း
facebook သုံးရတာ အသစ်အဆန်းလေး ဖြစ်သွားဖို့  ပရိုဖိုင်ထဲမှာ theme ကလေးတွေ ထည့်သုံးနိုင်ပါ
တယ် လှပတဲ့ theme တွေကို အခမဲ့ ရယူသုံးစွဲနိုင်ပါတယ် သည်ဆိုက်မှာ သဘာဝဓါတ်ပုံ နာမည်ကြီး
တွေရဲ့ပုံ ထူးခြားတဲ့ သဘာဝလွန်ပုံတွေကို အစီအစဉ်တကျ ထည့်သွင်းထားတယ် ကြိုက်တဲ့ theme 
တွေ့ တဲ့အခါ install နှိပ်ပါ သင့် facebook ထဲကို သည် theme ကိုထည့်သွင်းပေးသွားမှာပါ ကိုယ်ဆီမှာ
လှပတဲ့ ဓါတ်ပုံရှိနေရင်လည်း သည်ဆိုက်မှာ theme အဖြစ်ဖန်တီးနိုင်ပါတယ် လိပ်စာကတော့
Tuesday, November 22, 2011
အွန်လိုင်းဗီရို
အမြဲတမ်းသုံးနေတဲ့ ဖိုင်တွေကို အွန်လိုင်းပေါ်တင်ထားတာ တကယ့် အကြံကောင်းပါပဲ၊သိမ်းဆည်းမှုပမာဏ
7 GB အထိ အခမဲ့ ပေးထားတဲ့ဆိုက်တစ်ခုရှိပါတယ်။သည်ဆိုက်မှာ သီချင်း၊ဗီဒီယို၊စာရွက်စာတမ်း မှန်သမျှ
တင်ထားနိုင်ပါတယ်။ဖိုင်တွေကို upload/download လုပ်ရုံတင်မက အွန်လိုင်းမှာပဲ သုံးစွဲလို့ လည်း ရတယ်။
free account နဲ့ဆိုရင် 7GB အထိရပြီး ပိုက်ဆံသွင်းထားရင်တော့ 250 GB အထိ ရနိုင်ပါတယ်။
လိပ်စာကတော့   http://www.mimedia.com
ချစ်သူပျော်ဖို့ 
ချစ်သူမိန်းကလေးရဲ့ အကြိုက်ကို မသိလို့  အဆင်မပြေဖြစ်နေရင် ကူညီမယ့်ဆိုက်ပါ။သည်ဆိုက်မှာ ချစ်သူရဲ့နှစ်
နှစ်ပတ်လည်နေ့ ၊ချစ်သူရဲ့မွေးနေ့ စတဲ့ အရေးကြီးတဲ့ ရက်စွဲတွေထည့်သွင်းပါ၊သင့်အီးမေးလ်ပေးလိုက်ပါ၊အရေး
ကြီးတဲ့ ရက်မရောက်ခင် နှစ်ပတ်အလိုမှာ တစ်ခါ၊သုံးရက်အလိုမှာ တစ်ခါ သင့်အီးမေးလ်ထဲမှာ သတိပေးနိုးဆော်
စာ ရောက်မှာပါ။လက်ဆောင်ပေးဖို့ အိုင်ဒီယာ၊ချစ်သူအသည်းခိုက်စေမဲ့ ပြောနည်းဆိုနည်းတွေကို တစ်ပတ်တစ်
ခါ သင့်အီးမေးလ်ထဲကို ပို့ ပေးလိမ့်မယ်။လိပ်စာကတော့  http://www.makeyourgirlfriendhappy.com
တိုတိုထွာထွာဖတ်ဖို့ မှတ်ဖို့ 
မှတ်စရာတွေကို copy/paste လုပ်ပြီးမှတ်နိုင်တယ်၊လုံခြုံရေးအတွက် စကားဝှက်ပေးထားနိုင်တယ်၊ပြီးရင်သည်
ဆိုက်ကပေးတဲ့ link ဖွင့်ရုံနဲ့  ကိုယ်ဖတ်ထားသမျှတွေကို ချက်ချင်းပြန်တွေ့ နိုင်မှာပါ။ရီဂျစ်စတာမလိုပါ။
လိပ်စာကတော့ http://ontext.info
တစ်နှစ်သုံးလေး
တစ်ပတ်စာ၊တစ်လစာ၊တစ်နှစ်စာပြက္ခဒိန် အသီးသီးကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ဆိုက်ပါ။သည်ဆိုက်မှာ
လိုအပ်တဲ့ကာလကိုရွေးပါ။ဆိုက်ကပေးတဲ့ ပုံထည့်လို့  ရသလို ကိုယ့်စက်ထဲက ပုံလည်းထည့်လို့ ရတယ်။ထူးခြား
 တာက အဆိုအမိန့် တွေကိုပါ ပြက္ခဒိန်ထဲ ထည့်လို့ ရတယ်။ကြိုက်တဲ့စာသား ထည့်ပြီးရင် create နှိပ်ရုံပါပဲ။ရိုး
ရှင်းလှပတဲ့ ပြက္ခဒိန် တစ်ခုရဖို့  သုံးနိုင်တဲ့ဆိုက်လိပ်စာကတော့ http://www.eprintable.com
ဲပြုံးစရာဝေါလ်ပေပါ
ဟာသမြောက်တဲ့ ရုပ်ပုံတွေဟာ အာရုံကိုလန်းဆန်းစေပါတယ်။နေ့ စဉ်မျက်နှာချင်းဆိုင်ရတဲ့ ပီစီရဲ့ ဝေါလ်ပေပါ
ကို အလန်းဖြစ်စေမယ့် ဆိုက်ရှိပါတယ်။ သည်ဆိုက်မှာ ရုပ်ရှင်ကားတွေထဲက ပြုံးချင်စဖွယ်ပုံတွေရော၊ရယ်စရာ
ဖြစ်အောင်ရိုက်ကူးထားတဲ့ ပုံတွေပါရှိပါတယ်။ပုံအရည်အသွေးကောင်းလို့  ကွန်ပျူတာအရောင်အသွေး စိုလက်
နေမှာပါ။လိပ်စာကတော့http://www.getawallpaper.com
Monday, November 21, 2011
မြင်ရုံနဲ့ သိ
အင်တာနက်ထဲမှာ ၀က်ဆိုက်တွေက သန်းနဲ့ချီ ရှိနေပါတယ် သူတို့ ရဲ့လိပ်စာကိုကြည့်ရုံနဲ့  အကောင်းအဆိုးခွဲခြား
ပေးနိုင်တဲ့ tool  တစ်ခုတော့ရှိပါတယ် မော်ဇီလာ ဘရောက်ဇာထဲထည့်ရမယ့် add-on  ပါ ။ သည် add-on  ကို
ဘရောက်ဇာထဲ install  လုပ်ပါ။ ထည့်ပြီးနောက်ပိုင်းမှာ google search  လုပ်ကြည့်ရင် ထူးခြားတာတစ်ခုတွေ့ 
ရမှာပါ။ google result တွေထဲက မသမာတဲ့ဝက်ဆိုက်ကို အနီရောင်မီးလုံး၊သတိထားရမယ့်ဆိုက်ကို
အ၀ါရောင်မီးလုံး။စိတ်ချရတဲ့ဆိုက်ကို အစိမ်းရောင်မီးလုံးနဲ့တွေ့ ရမှာပါ။ကူညီမယ့်ဆိုက်ကတော့
http://goo.gl/ohyks 
တိုတောင်းတဲ့လိပ်စာများ
http://www.bitly.com
ကာတွန်းပုံမျက်နှာ
    1. တွန်းပုံပြောင်းချင်ပါသလား..ကာတွန်းပုံအသင့်ဓါတ်ပုံကို ကလစ်တစ်ချက်.နှစ်ချက်နှိပ်ရုံနဲ့  ကာလွယ်တကူ ပြောင်းနိုင်တဲ့ဆိုက်ပါ..စက်ထဲကသင့်ဓါတ်ပုံကို အွန်လိုင်းပေါတင် cartoonize now ကိုနှိပ်လိုက်တာနဲ့  ကာတွန်းပုံရပါပြီ။ လိပ်စာကတော့    http://www.converttocartoon.co  ပါ.
    မြူးဇစ်ကို ဘယ်လိုဖတ်မလည်း
    ဂီတသင်္ကေတွေကို မဖတ်တက်ဘဲ မြူးဇစ် ဖန်တီးသူဟာ စကားပြောတက်ပေမယ့် စာမတက်သူနဲ့  တူပါတယ်။ မိမိဖန်တီးထားတဲ့မြူး
    ဇစ်ကို ကိုယ်တိုင်ရေးတက်၊ ဖတ်တက်ဖို့  သင်ပြပေးတဲ့ ၀က်ဆိုက်ပါ..လိပ်စာကတော့..www.wikihow.com/read-music
    အင်တာနက်ပေါမှာရုပ်ပြောင်းရုပ်လွဲလုပ်ချင်သူများအတွက်ပါ...........
    ကိုယ်မျက်နှာနဲ့ တစ်ခြားလူတစ်ယောက်ရဲ့ကိုယ်လုံးကို..တွဲစပ်ကြည့်တဲ့ဆိုက်ပါ..သည်ဆိုက်ကိုဝင်ဖို့ အကောင့်
    တစ်ခုတော့ တည်ဆောက်ရပါတယ်..........http://www.faceinhole.com